ယနေ့ခေတ်တွင် တရားဘက် လိုက်စားသူတို့ များပြားလှသဖြင့် ၀မ်းမြောက်ရပေသည်။ သို့ရာတွင် အဟောတရား၊ အဖတ်တရား၊ အနာတရား လောက်သာ မပြီးစေဘဲ “ကိုယ့်ကျင့်တရား” ဆိုက်ထိရန် လိုပေသည်။ ကျွန်တော်သည် လူအတော်များများနှင့် တရားဆွေးနွေးဖူးသည်။ ယင်းသို့ ဆွေးနွေးရာတွင် ဂိုဏ်းဂဏကို ရှေ့တန်းတင်သူများ၊ ပရမတ်နှင့်ပညတ်နယ်အစာမကြေသူများ၊ ပုဂ္ဂိုလ်နှင့်စာအုပ်ကြီး ကိုးကွယ်နေသူ များကို အများအပြားပင် တွေ့နေရသဖြင့် အားမလို အားမရဖြစ်မိရပါ၏။ အနှီပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ၏တရားစာပေတို့ကို လေ့လာရာ၌ အာကို ဦးတည်ချက်ထား၍ လေ့လာလိုက်စားနေကြပါသနည်း။ သူတကာ အထင်ကြီးစေလိုသော ကြွားဝါလိုသော ဆန္ဒထက် ပိုရန်အချက်မရှိတော့ ပေ။ တခါက တရားသမားအဘိုးကြီး တဦးနှင့်တွေ့ရာ သူက မေးပါသည်။“ဗုဒ္ဓဟာ အတ္တ၀ါဒီလား၊ အနတ္တ၀ါဒီလား”“အနတ္တ၀ါဒီပါ”“ဒါဖြင့် ဘုရားဖြစ်တော်စဉ်တွေ ရေးထားတဲ့ ဇိနတ္ထပကာသနီ စာအုပ်ကြီးဟာ မီးရှို့ပစ်လိုက်ရုံပေါ့”သူ့အပြောကို ကြားလိုက်ရသောအခါ...