Thursday, July 14, 2011

အမျှဝေစာတန်းပါ သတ္တ၀ါသ ဘုံကိုးဝနှင့်ဝိညာဏဌိတိ တည်ရှိခုနစ်ပါးဟူသည်

ဝိညာဏဌိတိ၊ တည်ရှိခုနစ်ပါးအကြောင်းကို မပြောခင် သုံးဆယ့်တစ်ဘုံအကြောင်းကို တင်ပြမှသာလျှင် စာရှုသူအနေဖြင့် ၀ိညာဏဌိတိကို ကောင်းစွာနားလည်နိုင်ပါမည်။ ဒါကြောင့် ရှေးဦးစွာ သုံးဆယ့်တစ်ဘုံ အကြောင်းကို တင်ပြပေးပါမည်။ ထိုသုံးဆယ့်တစ်ဘုံကား…….
၁.အပါယ်ဘုံ -၎
၂-လူဘုံ-၁
၃-နတ်ဘုံ -၆
(ယင်းသုံးဘုံကို ပေါင်းပြီး ကာမဆယ့်တစ်ဘုံဟုလည်း သုံးပါသေးသည်)
၎-ရုပ်နာမ်ရှိ(ရူပ)ဘုံ -၁၅
၅-၇ုပ်သက်သက်ရှိ(အသညဘတ်)ဘုံ -၁
၆-နာမ်သက်သက်ရှိ(အရူပ)ဗြဟ္မာဘုံ -၄ အားဖြင့်
ပေါင်း ၃၁ ဘုံ ဖြစ်ပါတယ်။

တဖန် သုံးဆယ့်တစ်ဘုံ၏တည်နေရာ တည်နေပုံကို ပြောပြချင်ပါသေးသည်။ ယေဘုယျနည်းအားဖြင့် လူတိုင်း ၃၁ ဘုံတွင် ကျင်လည် ခဲ့ဖူးကြသည်မှာ အသေအချာပင် ဖြစ်ပါသည်။

ငရဲဘုံ ၈ ဘုံ

သိဉ္ဇိုစ်း၊ ကာလသုတ်၊ သံင်္ဃာတ၊ ရောရုဝ ၊ မဟာရောရုဝ။  ။ တာပန ၊ မဟာတာပန ၊ အ၀ီစိ ငရဲ တို့ ဖြစ်သည်။ ယင်း ၈- ဘုံကို ပေါင်းပြီး ငရဲဘုံ ဟု ဘုံတစ်ဘုံ အဖြစ် ခေါ်ဝေါ်ပါသည်။

တစ်ချို့ ပါဠိများ၌ ငရဲ ၊ တိရိစ္ဆာန်၊ ပြိတ္တာ ဟုအပါယ်သုံးဘုံသာ ဟောပြ၏။ အသူရကယ်ကို တာဝတိသာနတ်တို့တွင် ရောသွင်း၍ ထိုသို့ သုံးဘုံသာ ဟောပြဟန်တူသည်။ အများသောအားဖြင့်ကား အပါယ်လေးဘုံသာဟု ခေါ်ဝေါ်ကြသည်။

ယင်းတို့၏ တည်နေရာကား ကမ္ဘာမြေပြင်မှအောက် ယူဇနာတစ်သောင်းငါးထောင် ကွာဝေးသောအရပ်၌ သိဉ္ဇိုစ်း ငရဲတည်ရှိ၏။

ယင်း၏အောက် အဆင့်ဆင့်၌ယူဇနာ တစ်သောင်းငါးထောင်စီခြားကွာဝေး၍ ကာလသုတ် စသော ကျန်ငရဲဘုံများ အဆင့်ဆင့် တည်ရှိကြပါသည်။

ငရဲဘုံတွင် မီးဟုန်းဟုန်း တောက်လောင်နေသော သံမြေများ၊ ကျိုက်ကျိုက်ဆူ ပွက်နေသော ရေများရှိ သည်ဟု ကျမ်းဂန် တို့  ၌ ပြဆိုထားပါသည်။သိပ္ပံပညာရှင်တို့က ကမ္ဘာမြေ၏ထုထည်သည် မိုင်သန်းပေါင်း နှစ်သိန်းခြောက်သောင်း ရှိသည်။ မြေပြင်မှ ၆၆ မိုင်ခန့်ထူသော ကျောက်လွှာကြီးနှစ်ထပ်အတွင်း ၌ အရည်ပျော်နေသော သံနစ်ကဲလ် နှင့်  ကိုဘောလ် သတ္တုများကို ထိန်းချုပ်ထားသည်။ကမ္ဘာ၏ဗဟိုချက်သည် အရည်လော အစိုင်အခဲလော-ဟူ၍ ယနေ့ ထိ သိပ္ပံပညာရှင်တို့  မပြောနိုင်ကြသေးပေ။

အပါယ်ဘုံသားတို့ သည် သက်တမ်းသတ်မှက်ချက်မရှိ ပြုလုပ်ခဲ့ သော အကုသိုလ်ကံ အနည်းအများ အလိုက် ခံနေကြရလေသည်။

တိရစ္ဆာန်ဘုံကား သီခြားမရှိ လူတို့ ဘုံ၌ပင်နေကြလေသည်။တိကစ္ဆာန်တို့ ၏အစုဝေးကို တိရစ္ဆာန်ဘုံ ဟုခေါ်ဝေါခြင်းဖြစ်သည်။

ပြိတ္တာတို့ကား တောကြီးတောင်ကြီး စသည်တို့၌ နေထိုင်ကြသည်။ ယင်းတို့ကို လူတို့ မမြင်နိုင်ကြချေ။ ယင်းတို့က ကိုယ်ထင်ပြမှသာမြင်ကြရသည်။ ယင်းတို့သည်လူတို့လောက်ဘုန်းကံ မကြီး ၍ခြောက်လှန့် ၍လည်း ကြောက်လန့် စရာ မလိုပေ။

ဤလူ့ဘုံ၏အထက် ယူဇနာ လေးသောင်းနှစ်ထောင် ဝေးသောအရပ် (ယုဂန္ဓိုရ်တောင်ထိပ်)၌ စတုမဟာ ရာဇ်ရှိ၏။ နတ်ခြောက်ဘုံအနက် အောက်ဆုံးဘုံဖြစ်သည်။ စတုမဟာရာဇ်အထက်ယူဇနာလေးသောင်း နှစ်ထောင်ဝေးသော အရပ်(မြင်းမိုရ်တောင်ထိပ်) ၌တာဝတိံသာ နတ်ပြည်၊ ယင်းအထက် ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ယင်းအထက် ပရနိမ္မိတ၀သ၀တ္တီနတ်ဘုံတို့ သည် ယူဇနာ လေးသောင်း နှစ်ထောင် စီခြာင်းကွာလျက် အဆင့် ဆင့် တည်ရှိကြသည်။

ပရနိမ္မိတ၀သ၀တ္တီနတ်ဘုံ၏ အထက် ယူဇနာငါးသန်းငါးသိန်းရှစ်ထောင်ဝေးသော အရပ်၌အောက် ဆုံး ဗြဟ္မာဘုံသုံးဘုံ သည်ဘေးတိုက် စီတည်ရှိ၏။ ဗြဟ္မာပါရိသဇ္ဇာ၊ဗြဟ္မာပုရောဟိတာ၊ မဟာဗြဟ္မာဘုံ တို့ ဖြစ်သည်။ ယင်းတို့ ကို ပထမ ဈာန် သုံးဘုံဟုခေါ်သည်။

ပထမဈာန်သုံးဘုံအထက် ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင်ဝေးသောအရပ်၌ ပရိတ္တာဘာ၊အပ္ပမာဏဘာ၊ ဘာဘဿရာ ဟူ၍ ဒုတိယ ဈာန် သုံးဘုံ တပြေးညီ ဘေးတိုက်တည်ရှိကြသည်။ ယင်းအထက်ဖော်ပြပါ အတိုင်းအကွာအဝေးတူညီသော အရပ်၌ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ မည်သော တတိယ ဈာန် ဘုံတို့ ဘေးတိုက် တည်ရှိကြသည်။
 
ယင်းဖော်ပြပါအတိုင်း အကွာအဝေးတူညီသောအရပ် ၌ ဝေဟပ္ပိုလ်ဘုံ၊ အသညသတ်ဘုံ နှင့် သုဒ္ဓါဝါသ ငါးဘုံတို့  တစ်ပြေးညီ တည်ရှိကြသည်။ ယင်းခုနစ်ဘုံကို စတုတ္ထဈာန် ဘုံဟုခေါ်၏။ ထိုတွင် အသညသတ်ဘုံရှိ ဗြဟ္မာများကား ရုပ်သာ ရှိ၍ နာမ် မရှိပေ။

စတုတ္ထဈာန် ခုနစ် ဘုံ၏အထက် ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင် ဝေးသော အရပ် မှစ၍ အာကာသာ နဉ္စာယတနဘုံ၊ ၀ိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ နှင့် နေ၀သညာနနာသညယတနဘုံ တို့ သည် ယူဇနာ ငါးသန်းငါးသိန်း ရှစ်ထောင် စီ ထက်အောက် ခြားကွာလျက် အဆင့် ဆင့် တည်ရှိကြသည်။ ယင်းလေးဘုံ ကို အရူပ (ရုပ်မရှိ၊ နာမ်သာရှိ) ဗြဟ္မာဘုံ ဟုခေါ်ပါသည်။

ဖော်ပြပါ ရုပ်သက်သက် တစ်ဘုံ၊ နာမ်သက်သက် လေးဘုံ မှတစ်ပါး ကျန်ဗြဟ္မာ ဘုံ ၁၅ ဘုံသည် ရုပ်နာမ် အစုံရှိ ဗြဟ္မာဘုံများဖြစ်ကြသည်။ ဖော်ပြခဲ့ သည့်  အထက်ဆုံး ဗြဟ္မာဘုံ နှင့်  လူ့ ဘုံသည် ယူဇနာ ပေါင်း ၂၂၂.၂၈၄.၀၀၀ (နှစ်ကုဋေ နစ်သန်း နှစ်သိန်း ရှစ်သောင်း လေးထောင် ) ကွာဝေးသည်။

ဤသည်တို့မှာ သာသနာတော်ပြန့် ပွားရေး ဦးစီးဌာနမှ ထုတ်သော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှဖြစ်ပါသည်။ အခုလောက်ဆိုရင် သုံးဆယ့်တစ်ဘုံကို အကြမ်းဖျင်းအားဖြင့် တီးမိခေါက်မိလောက်ပါပြီ။ ဒီတော့ မြန်မာပြည်သုံး အမျှဝေစာတမ်းမှာပါတဲ့ သတ္တ၀ါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဌိတိ၊ တည်ရှိခုနစ်ပါး ဆိုတဲ့စာပိုဒ်ပါ ၀ိညာဏဌိတိ ခုနစ်ပါးဟူသည် ပဋိသန္ဓေ၀ိညာဏ်ရဲ့တည်ရာ ခုနှစ်ပါးကို ဆိုလိုပါတယ်။ ၀ိညာဏဌိတိ ဆိုသည်မှာ ၀ိညာဏပုဒ်ရယ် ဌိတိပုဒ်ရယ်ကို ပေါင်းပြီးတော့ ၀ိညာဏံ တိဋ္ဌတိ ဧတ္ထာတိ ၀ိညာဏဌိတိဟု (ဒိ၊ ဌ၊ ၂။ ၉၉။ ဒီ၊ ဌ၊ ၃၊ ၂၀၃။ သာရတ္ထ၊ ၁။ ၂၄၃။ သံ၊ ဋီ၊ ၂၊ ၂၂၃) တို့မှာ ပြထားပါတယ်။ နောက်တခါ တိဋ္ဌတိ ဧတ္ထာတိ ဌိတိ၊ ၀ိညာဏဿ ဌိတိ ၀ိညာဏဌိတိ ဆိုပြီး  ပဋိသန္ဓေ၀ိညာဉ်၏တည်ရာ (၀ိညာဏဌိတိ ၇ ပါး)ဆိုပြီး ပြထားတာတွေ့ရပါတယ။် တခါ ဘုရားရှင်က "သတ္တခေါ အာနန္ဒ ၀ိညာဏဌိတိယော" ဆိုပြီး (ဒီ၊ ၂၊၅၈-၉) မိန့်ထားတာကိုလည်း တွေ့ရပါတယ်။ ယင်းဝိညာဏဌိတိကို တရားကိုယ်အားဖြင့် ယူမယ်ဆိုပါက ပဋိသန္ဒေ၀ိညာဉ်နှင့်တကွ ခန္ဓာ ၅ ပါး။


တစ်နည်း ပဉ္စဝေါကာရ(ခန္ဓာငါးပါးအပြည့်အစုံရှိသော)ဘုံ၌ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ လို့ခေါ်တဲ့ ခန္ဓာ ၄ပါး။အဘယ့်ကြောင့် ခန္ဓာငါးပါးရှိပါလျှက်နှင့် လေးပါးသာရရသနည်းဟူမူကား ပဋိသန္ဓေ၀ိညာဉ်ကို ခန္ဓာဖွဲ့မည်ဆိုပါက သင်္ခါရက္ခန္ဓာသာ ဖွဲ့ရသောကြောင့်သာဖြစ်ပါသည်။ စတုဝေါကာရဘုံ၌ ဝေဒနာ သညာ သင်္ခါရလို့ခေါ်တဲ့ ခန္ဓာ သုံးပါးကို ဆိုလိုပါတယ်။ 

ယင်းဝိညာဏဌိတိ ၇-ပါးတို့ကို ရေတွက်ရသော်

၁။ နာနတ္တကာယ နာနတ္တသညီ = နာနတ္တကာယနာနတ္တသညီပုဂ္ဂိုလ်၊ မတူ-ထူးခြား-ကွဲပြား-သော ကိုယ်ရှိသည်ဖြစ်၍ မတူ-ထူးခြား-ကွဲပြား-သော (ပဋိသန္ဓေ) သညာရှိသော၊ သူ။ (ကာမသုဂတိ ၇ ဘုံ၌ဖြစ်သောပုဂ္ဂိုလ်များ) ကာမသုဂတိ(၇)ဘုံဟူသည် လူဘုံနှင့်၊နတ်ပြည်ခြောက်ထပ်ကိုဆိုလိုပါသည်။

၂။ နာနတ္တကာယ ဧကတ္ထသညီ = နာနတ္တကာယဧကတ္တသညီပုဂ္ဂိုလ်၊ မတူ-ထူးခြား-ကွဲပြား-သော ကိုယ်ရှိသည်ဖြစ်၍ တူသော (ပဋိသန္ဓေ)သညာရှိသော၊ သူ။ (ပထမဈာန် ၃ ဘင့်အပုံနှါယ် ၄ ဘုံ၌ ဖြစ်သူများ)

၃။ ဧကတ္တကာယ နာနတ္တသညီ-တူသောခန္ဓာကိုယ်ရှိသော်လည်း ပဋိသန္ဓေသညာကွဲပြားသောပုဂ္ဂိုလ်

၎။ ဧကတ္တကာယ ဧကတ္တသညီ-တူသောခန္ဓာကိုယ်လည်းရှိ တူသောပဋိသန္ဓေသညာလည်းရှိသောပုဂ္ဂိုလ်

၅။ အာသာသာနဉ္စာယတနုပဂ= အာကာသာနဉ္စာယတနဘုံ၌ဖြစ်သောပုဂ္ဂိုလ်

၆။ ၀ိညာဏဉ္စာယတနုပဂ= ၀ိညာဏဉ္စာယတနဘုံ၌ဖြစ်သောပုဂ္ဂိုလ်

၇။ အာကိဉ္စညာယတနုပဂ= အာကိဉ္စာယတနဘုံ၌ဖြစ်သောပုဂ္ဂိုလ်

ထိုတွင် လူ၊ ကာမာဝစရနတ်၊ အပါယ် ၄ဘုံမှ လွတ်သော ဥတ္တရမာတာ၊ ပိယင်္ကရမာတာစတဲ့ အချို့သော ဝေမာနိက ပြိတ္တာတို့သည် ခန္ဓာကိုယ်၏ အသွင်အပြင် အမူအရာစသည် ကွဲပြားကြသောကြောင့် နာနတ္တကာယ တိဟိတ်၊ ဒွိဟိတ်၊ အဟိတ် ဟူသော ပဋိသန္ဓေသညာ ကွဲပြားကြသောကြောင့် နာနာတ္တသညီ မည်ပါတယ်။

ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ဟူသော ပဌမဈာန်ဗြဟ္မာတို့သည် အကြီး၊ အငယ်စသော အထူးထူးသော ကိုယ်သဏ္ဍာန်ရှိကြသောကြောင့် နာနာတ္တကာယ ပဌမဈန်ဝိပါက်ဟူသော တူသော ပဋိသန္ဓေသညာရှိကြသောကြောင့် ဧကတ္တသညီမည်ပါတယ်။

ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အဘဿရာဟူသော ဒုတိယဈာန်ဗြဟ္မာတို့သည် တူညီသော ကိုယ်သဏ္ဍာန်ရှိကြသောကြောင့် ဧကတ္တကာယ အ၀ိတက္က၀ိစာရမတ္တ၊ အ၀ိတက္က အ၀ိစာရ ဟူသော ပဋိသန္ဓေသညာကွဲပြားကြသောကြောင့် နာနတ္တသညီမည်ပါတယ်။

ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာဟူသော တတိယဈာန်ဗြဟ္မာတို့သည် တူညီသော ကိုယ်သဏ္ဍာန်ရှိကြသောကြောင့် ဧကတ္တကာယ စတုက္ကနည်းအားဖြင့် ရူပါဝစရ တတိယဈာန်ဝိပါက် ပဋိသန္ဓေသညာ၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ စတုတ္ထဈာန် ၀ိပါက်ပဋိသန္ဓေသညာ တူညီကြသောကြောင့် ဧကတ္တသညီ မည်ပါတယ်။

ထို့အတူ ဝေဟပ္ဖိုလ်ဗြဟ္မာ၊ သုဒ္ဓါဝါသဗြဟ္မာတို့သည်လည်း တူညီသော ကိုယ်သဏ္ဍာန်ရှိကြသောကြောင့် ဧကတ္တကာယ စတုက္ကနည်းအားဖြင့် ရူပါဝစရစတုတ္ထဈာန်ဝိပါက်ပဋိသန္ဓေသညာ၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရပဉ္စမဈာန် ၀ိပါ ပဋိသန္ဒေသညာ တူညီကြသောကြောင့် ဧကတ္တသညီမည်ပါတယ်။

အာကာသာနဉ္စာယတန ဗြဟ္မာတို့သည် အာကာသာနဉ္စာယတနုပဂ၀ိညာဏဌိတိ မည်ပါတယ်။ ၀ိညာဏဉ္စာ ယတန ဗြဟ္မာတို့သည် ၀ိညာဏဉ္စာယတနုပဂ၀ိညာဏဌိတိ မည်ပါတယ်။ အာကိဉ္စညာယတန ဗြဟ္မာတို့သည် အာကိဉ္စညာယတနုပဂ၀ိညာဏဌိတိ မည်ပါတယ်။ 

အထက်ပါ ဖော်ပြပါတိုသည်ကား ၀ိညာဏဌိတိ= ပဋိသန္ဓေ၀ိညာဉ်၏ တည်ရာ (၇) ပါးတို့ပင်ဖြစ်ပါတယ်။

ယခု တဖန် ဘုံဆိုသည်မှာလည်း မြေ။ မြေအပြင်။ အရာ။ အာရုံ။ ဖြစ်ရာဘုံဟု အဓိပ္ပာယ်ရပါတယ်။ ထို့ကြောင့် သတ္တာဝါတို့၏ ဖြစ်တည်ရာ ဘုံကိုးဝဆိုသည်မှာ အထက်ပါ (၇) ပါးတွင် နေ၀သညာနာသညာ ဘုံတစ်ပါးနဲ့အသညသတ်ဘုံတို့ကိုပေါင်းထည့်လိုက်ပါက ဘုံအားဖြင့် ကိုးပါးရပါကြောင်းတင်ပြရင်းဖြင့် အမျှဝေစာတမ်းမှာပါတဲ့ “သတ္တ၀ါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဌိတိ၊ တည်ရှိခုနစ်ပါး” ဆိုတဲ့အကြောင်းအရာလေးကို အနားသပ်လိုက်ရပါတော့သတည်း။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More